PanSuriya Art Post


ရွှေစိုးဟန်က Shwe Soe Han

See Shwe Soe Han’s images here. English version of this post coming in December; there are more posts in English (and a bit in Burmese) below.

This is in Unicode; if it is not displaying correctly, download a Unicode font. For a Mac OS 10.7 that should be enough. For pre-2012 Windows and pre-10.7 Macs you may need to download at add-on to your Chrome or Firefox such as Parallel Universe.

ရွှေစိုးဟန်က ရွှေစိုးဟန်ပါပဲ

“နှစ်တစ်ရာ (ရာစုတစ်ခေတ်) အတွင်းမှာ အာလုံးဟာခေတ်ပြိုင်တွေ​ချည်းဖြစ်တယ်”
အဲဒီစကားကို ကွယ်လွန်သူ ဆရာကြည်အောင်က ပြောခဲ့တယ်။
အဲသလိုဆို….​ဆရာဒဂုန်​တာရာကနေ…​ကိုမိုဃ်းဇော်…​ကိုကြည်မောင်သန်းတို့လို မော်ဒန်​လူငယ်တွေထိ အားလုံးဟာ​ခေတ်ပြိုင်ပဲပေါ့… သဘော​တူရဲ့လား…​လက်ခံနိုင်ရဲ့လား… မောင်လေးအောင်လည်း​ခေတ်​မကုန်သေးဘူး။ မောင်သင်းခိုင်​လည်း ခေတ်မကုန်​သေးဘူး။ အောင်ချိမ့်လည်း ခေတ်မကုန်​သေးဘူး.. ဖေါ်ဝေးလည်းခေတ်မကုန်သေးဘူး။ မောင််ချောနွယ်လည်း ခေတ်မကုန်သေးဘူး အဲသလိုပြောရင်သဘောတူမှာလား ထခုန်ငြင်းမှာလား။ ကဗျာဆရာတွေဘယ်လောက်သဘောထားကြီးနိုင်သလဲ။

ကဗျာဆရာတွေ ဘယ်လောက်သဘောထားကြီးနိုင်သလဲ
အဲဒါကိုတွေးမိတဲ့အခါ ပန်းချီဆရာ ဗဂျီအောင်စိုး​ပြောတဲ့​စကားကို​ပြေးသတိရမိတယ်။
“ရွှေစိုးဟန်က ရွှေစိုးဟန်ပါပဲ” တဲ့
ဆရာဗဂျီ​အောင်စိုးကို ” ဆရာနဲ့ ရွှေစိုးဟန်ဟာ ခေတ်ပြိုင်လား ” လို့သွား​မေးစရာ​မလိုပါ။                 ဆရာဗဂျီအောင်စိုး​ကိုယ်တိုင်က-
“ရွှေစိုးဟန်ဟာ ဗဂျီအောင်စိုးရဲ့တပည့်မဟုတ်ပါဘူး
ရွှေစိုးဟန်က ရွှေစိုးဟန်ပါပဲ
ကျွန်တော်နဲ့​​တွေ့​လို့ ရွှေစိုးဟန်ဖြစ်တာမဟုတ်ပါဘူး
ရွှေစိုးဟန်ဖြစ်လာမယ့်သူက ရွှေစိုးဟန်ဖြစ်လာမှာပါပဲ” အဲသလိုပြောခဲ့ဖူးတယ်။
ဆက်မပြောပေမယ့် ဆရာဗဂျီအောင်စိုးရဲ့စိ်တ်ထဲက ပြောလိုက်တဲ့ စကားကိုကျွန်တောကြားလိုက်ရသလို
“ဗဂျီအောင်စိုး​လည်း ဗဂျီအောင်စိုးရဲ့ကိုယ်ပိုင်စတိုင်နဲ့
ရွှေစိုးဟန်​လည်း ရွှေစိုးဟန်ရဲ့ကိုယ်ပိုင်စတိုင်နဲ့”
ဟုတ်တယ် သူ့နှုတ်ဖျားက မပြောလိုက်ပေမယ့်သူ့မျက်နှာက အဲသလိုပြောတယ်လို့ယုံကြည်တယ်။ ဒီစကားရဲ့ အရင်းအမြစ်ဟာ “အားလုံးခေတ်ပြိုင်ပါပဲ” လို့လက်ခံထားတဲ့ အဇ္စုတ္တမှာ ရှိနေတယ်လို့ ကျွန်တော်ယုံတယ်။

မဂ္ဂဇင်းထဲမှာ သရုပ်ဖော်ပုံတွေကို ကြည့်ရင် (လက်မှတ်ထိုးမထား နာမည်​ဖေါ်ပြမထားခဲ့ရင်တောင်) ဒါ ဗဂျီအောင်စိုးလက်ရာ… ဒါ စန်းလွင်…. ဒါ အုန်းလွင်…ဒါ ဘလုံလေး…​ဒါ ဦးဘကြည်…​ဒါ မြတ်ကျော်…ဒါ ပန်းချီ​မောင်ငွေထွန်း…​​ဒါ လှစိုး…..​ဒါ ကိုလေး…ဒါ သောင်းဟန်…ဒါ တင်လှဝင်း (ထင်)…ဒါ ကျော်သောင်း….     ဒါ စံတိုး၊ မောင်ဒီပြောနိုင်တယ်။ လိုင်းကို​မြင်တာနဲ့ သူတို့စတိုင်ဟန်ကိုပါသိပြီးသား အဲသလိုပါပဲ ကျော်ဖြူစံ၊ မုတ်သုန်၊ တဂိုးမျိုး၊ ဖေညွှန့်ဝေ၊ ရွှေစိုးဟန် မြင်ရုံနဲ့သိတယ်။ သူတို့မူ သူတို့ဟန်က ရှိပြီးသားပေါ်လွင်ပြီးသား          ‘ ခေတ်ပြိုင် ‘ လို့ပြောနိုင်တဲ့ရင်ခုန်သံချင်းတူညီနေတာမို့ မတူတာက လက်ရာ ကိုယ့်လက်ရာ​ကိုယ့်​အနုပညာနဲ့   ခေတ်ပြိုင်​ကာလကို​ထင်ဟပ်နေပြီးသား။

၁၉၈၂ နောက်ပိုင်းမှာ ဒိုင်ယာရီ ရေးလေ့ကို အကြောင်းမညီညွတ်လို့ စွန့်လွှတ်ခဲ့ပေမယ့် ဆရာဗဂျီအောင်စိုးရဲ့ ‘ ရွှေစိုးဟန်က ရွှေစိုးဟန်ပါပဲ ‘ ဆိုတဲ့စကားကို ရန်ကုန်မင်္ဂလာဒုံမှာ ကျွန်တော်တို့ မိသားစုဘဝ​သောင်တင်​နေတုန်း​ကာလ (၁၉၈၃-၈၅) အတွင်း နေ့​တစ်နေ့မှာ ကြားခွင့်​ရခဲ့တာပါ။
မှတ်မှတ်​ရရ မြိုင်က ပန်းချီဆရာ ၀င်းမောင် (ခဝဲခြံမှာနေတုန်းကာလ ဝင်းမောင်မောင်) လည်းကျွန်တော်နဲ့အတူ မင်္ဂလာဒုံနေရန်ကုန်ထဲဆင်းလာတဲ့ နေ့တစ်နေ့၊ ကန်တော်ကလေးမြန်မာ့ဂုဏ်ရည်လမ်းထဲက ‘ သဘင် ‘ မဂ္ဂဇင်း​တိုက်ဆီ​အလာ အယ်ဒီတာ ကိုချစ်ဦးညို နဲ့အတူ ပန်းချီဆရာ တစ်သိုက်​ရှိနေနှင့်​တာကိုတွေ့လိုက်ရတယ်။ ဗဂျီအောင်စိုး ကိုဒီ ဖေညွန့်ဝေ သူတို့သုံးယောက်
နားလေးနေပြီဖြစ်တဲ့ဆရာဗဂျီအောင်စိုးကို ကိုဒီက နှုတ်နဲ့ စကားပြောတာ​မဟုတ်ဘဲ စာနဲ့ ရေးပြ စကားပြောနေတဲ့အချိန်မှာ ကျွန်တော်တို့​ရောက်သွား​ခဲ့တာ ဆရာဗဂျီအောင်စိုးကတော့ နှုတ်နဲ့ပဲ စကားပြန်ပေးပါတယ်။
အဲသလို​မဟုတ်ပါဘူး ကိုဒီ့ကျေးဇူးလည်း ကျွန်တော့်မှာ ရှိပါတယ်။ ကိုဒီ့ဆီကလည်း ကျွန်တော်ယူရတာပါပဲ ”
“အဲသလို​မဟုတ်ပါဘူး ကျွန်တော့အိမ်မှာနေခဲ့တာ​မှန်ပေမယ့် ရွှေစိုးဟန်က ရွှေစိုးဟန်ပါပဲ”
“ရွှေစိုးဟန်ဟာ ဗဂျီအောင်စိုးရဲ့တပည့်မဟုတ်ပါဘူး
ရွှေစိုးဟန်က ရွှေစိုးဟန်ပါပဲ
ကျွန်တော်နဲ့​တွေ့လို့ ရွှေစိုးဟန်ဖြစ်တာ မဟုတ်ပါဘူး

ရွှေစိုးဟန်ဖြစ်လာမယ့်သူဟာ ရွှေစိုးဟန်ဖြစ်လာမှာပါပဲ”

ရွှေစိုးဟန်ဆိုတာဘာလဲ
“ပြော့ပျောင်းတဲ့ ကောက်ကြောင်းနဲ့ ရိုးရာဟန်မပျက်စေဘဲ အညာ​ကျေးလက်​ရဲ့ ရနံ့၊ အသံနဲ့ ဟန်ကို ပန်းချီထဲမှာ စုပ်ယူပြီး ပရိတ်သတ်ရင်ထဲ ပို့ပေးနေတဲ့ ပန်းချီဆရာတွေ​ထဲက တစ်ယောက်​အပါအဝင်” လို့ကျွန်တော့စိတ်ထဲမှာ မှတ်ချက်ချလိုက်မိတယ်။

ဒီလိုတွေးနေရင်းပြောနေရင်းက-
အညာ​ကျေးတောက ဖုတ်ထောင်းထောင်းထ​နေတဲ့ ရွာလမ်းကြောင်းမှာ နွားအုပ်ကြီးကို ရွှေစိုးဟန်က​မောင်းထုတ်လိုက်တာ​လားကျောင်းနေတာလား မပြောတတ် ကျွန်တော့​ဆီပဲ နွားအုပ်ကြီးပြေးလာတော့သလိုလို
(အဲဒီ​တုန်းက လွတ်လွတ်​လပ်လပ် ပြောရဲတဲ့ လူငယ်တွေပီပီ “နွားမှာတော့ ရွှေစိုးဟန်အပိုင်ဆုံးပဲ” လို့တောင် ဘောင်စည်းမထားဘဲပြောခဲ့မိသေး)
ရန်ကုန်​ရောက်ပန်းချီရာ ဖြစ်လာပေမယ့် နှုတ်ခမ်းထူထူ ပွင့်ဟဟနဲ့ (ရွာလွမ်းလို့လားမသိ) ငေးငေါင်ငေါင်နေလေ့ရှိတဲ့ အညာသား​ရွှေစိုးဟန်ကို​လွမ်းဆွတ်​မြင်ယောင်ရင်း……။

(မောင်သာလင်း)
၃.၈.၂၀၁၁
(မောင်သာလင်းရဲ့ ကဗျာရေးသက် ၄၇ နှစ်ပြည့်နေ့နဲ့


Leave a Comment so far
Leave a comment



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: